ချစ်သူရယ် မင်းကိုတွေ့ ဖို့ ဆို

မီးပင်လယ်ဖြတ်မယ်လို့ လဲ ငါမပြောပါဘူး

မညာချင်လို့ လေ

ဒါပေမဲ့ နင့်အတွက်ဆိုဘာပဲလုပ်ပေးရရပါ

နင်သာပြောကြည့်လေ

ငါ့အဖြေကညည်းသံတောင်ပါမှာမဟုတ်ပါဘူး

 

မင်းကိုငါဘယ်လိုမှ block လို့ မရပါဘူး

မင်းကငါ့ရင်ထဲမှာအမြဲတမ်း available ပါ

busy ပြထားတာတောင်

ငါ့ရင်ထဲကိုဝင်ပြီးနှောင့်ယှက်သွားသူရေ

မင်းကြောင့်ငါ့ရင်တွေလှုပ်ရှားလွန်းလို့  

idle တောင်မဖြစ်တော့ပါဘူး


ဟင်း.......သက်ပြင်းချရင် အသက်တိုတယ်တဲ့ ငါသက်ပြင်းချသလောက်သာ
အသက်တိုရရင်မနက်ဖြန်ထိတောင် အသက်ရှင်နိုင်ပါ့မလား

 

ချစ်သူရေ

လွမ်းလို့ သာသေရရင်

ငါဟာ အခါခါကိုဘ၀ကူးနေရောပေါ့

ဘာပဲဖြစ်ဖြစ်

နင်ဟာ ငါ့ရဲ့မြှုပ်နှံရာတော့ဖြစ်ချင်ပါရဲ့

 

အများနဲ့ ဆိုင်တဲ့သင်္ကြန် တို့ နဲ့ တော့မဆိုင်

ဒီလိုပဲ ဆိုင်ချင်တိုင်းလဲ ဆိုင်လို့ မရ 

ပိုင်ချင်တိုင်းလဲ ပိုင်လို့ မရတာတွေကများလွန်းလို့ 

ဘာကိုမှတောင် မတောင့်တချင်တော့ပါ


အင်း..ပျော်ရာမှာမနေရ
တော်ရမှာနေရမယ်တဲ့
မင်းရဲ့နားမှာနေရတဲ့ တခဏလေးကို
ငါ့တဘ၀လုံးနဲ့  လဲဆိုရင်တောင်
လဲချင်ပါရဲ့ကွာ

 

ငါဒီလောက်ချစ်တဲ့ဟာကို

မုသာဝါဒလို့ ပဲမင်းထင်တယ်

အေးပေါ့ မင်းကလဲစိတ်တန်ခိုးရှိတဲ့လူမှမဟုတ်တာ

ငါ့စိတ်ကိုဘယ်မြင်မလဲနော်

ရင်ခွဲပြချင်တယ်လို့ လဲမပြောချင်

ဖြစ်မှမဖြစ်နိုင်တာကိုး

မဖြစ်နိုင်တာတွေစကားလုပ်ပြောရတာ

စိတ်အညစ်ဆုံးပဲ




ဘ၀ရဲ့ရှင်သန်ခြင်းဆိုတာ စိတ်ကူးယဉ်အိပ်မက်တွေမရှိတော့ရင် အဆုံးသတ်တယ်

မျှော်လင့်ချက်ဆိုတာ ယုံကြည်မှုတွေ ရပ်တန့် သွားရင် အဆုံးသတ်တယ် 
အချစ်ဆိုတာ ညှာတာကြင်နာမှုတွေ မရှိတော့ရင် အဆုံးသတ်တယ် 
ဒါကြောင့် အိပ်မက်၊ မျှော်လင့်ချက်၊ အချစ် ဆိုတာတွေက ဘ၀ကိုလှပအောင်ဖန်တီးတယ်။
Make a Free Website with Yola.