Categories

Blog Archive

ခြေရှည်ချင်အုံးဟဲ့မှတ်ပြီလား

September 27, 2009
ကျန်ခဲ့တဲ့ခြောက်နှစ်လောက်က အဖြစ်အပျက်လေးပေါ့။ ကိုယ်တွေ့ လေးတခုပါ။ ကျတော်တို့ အဲ့ဒီအချိန်ကဲကောင်းတုန်းပေါ့။ ကဲတယ်ဆိုတာလဲ လူငယ်သဘာဝကဲခြင်းမျိုးလေးတွေပါ။ ရန်ကုန်မှာဆိုတော့သိတယ်ဟုတ်။ ယောကျာင်္းလေးများထုံးစံအတိုင်း ဘီယာဆိုင်သွားတယ်ပေါ့။ အဲ့နေ့ က ကျတော်တို့ သူငယ်ချင်းတအုပ် လမ်းခွဲချိန်မှာ ည၁၂နာရီကျော်နေပါပြီ။ အိမ်လဲမပြန်ချင်သေးတော့ ကန်ဘောင်သွားကြမယ်ပေါ့။ အမှန်ကတော့ ဘီယာတန်ခိုးလေးပြနေတော့ လူကမြူးနေတာလေ အိမ်ပြန်ချိန်ကရောက်ရုံမက ကျော်တောင်နေပြီ။

ဒါနဲ့ ကျတော့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ကန်ဘောင်ဘက်ကို ခြေဦးတည့်လိုက်ပါတော့တယ်။ ပြည်လမ်းမှာအဲ့ချိန်ဆိုကားရှင်းပြီ။ ဘဲဥ(မော်တော်ပီကယ်) လဲမရှိတော့ဘူး။ ကားကိုပြည်လမ်းမှာရပ်။ ကန်ဘောင်ဘေးကလှေကားတွေရှိတဲ့နေရာကနေတက်လာခဲ့တယ်။ ကျတော့်သူငယ်ချင်း တယောက်ကရှေ့ဆုံးကတက်ပေါ့။ အဲ့မှာ ကျတော့်သူငယ်ချင်း ရှေ့ကတက်သွားတဲ့ချိန်မှာ ကျတော်ကသူ့ နောက် ခပ်လှမ်းလှမ်းနောက်ကနေလိုက်တက်တယ်။ အဲ့ချိန်တုန်းက အင်းယားကန်ဘောင်က ခုလို မပြင်ထားသေးဘူး လှေကားတွေက ကျဉ်းသေးတယ်။ လူနှစ်ယောက် လွတ်ရုံရှောင်လို့ ရတဲ့အခြေအနေ။

တိုက်တိုက်ဆိုင်ဆိုင် အပေါ်ကနေ လူတယောက် (ဘိုးတော်တယောက်) စက်ဘီးနဲ့  ဆင်းလာတယ်။ စက်ဘီးကိုလက်ကနေတွန်းဆင်းလာတာ။ ကျတော့်သူငယ်ချင်း နဲ့ အရင်ဆုံတယ်။ သူငယ်ချင်းဒီလူနားလဲရောက်ရော ဒီလူက သူ့ စက်ဘီးနဲ့ တိုက်မလိုဖြစ်သွားတယ်။ ကျတော်လဲဘာရယ်မဟုတ်ပေါ့။ စိတ်ထဲတော့ လမ်းအလွတ်ကြီးကို ဘယ်လိုဖြစ်ပြီးမှာ စက်ဘီးနဲ့ တိုးမိသလိုဖြစ်လဲပေါ့။ ဒါနဲ့ နောက်ကနေကျတော်က လိုက်တာဆိုတော့ ကျတော်လဲ မကြာခင် ဒီလူနဲ့ ဆုံတယ်။ ကျတော်လဲ ရှေ့ မှာ တွေ့ ထားတော့ ဘေးကိုအတတ်နိုင်ဆုံး ကပ်ပြီးတက်တယ် ဒီလူကလဲ တမျိုးဗျ။ သူလဲမူးနေလားတော့မသိဘူး ကျတော် သူ့ နားမရောက်ခင်ပဲ သူ့ စက်ဘီးက လှေကားတ၀က်ကျော်နေပြီ။

ကျတော်နဲ့ လဲပွတ်ခါသီခါ ဖြစ်သွားတယ်။ လှေကားကကျဉ်းရတဲ့ထဲ သူ့ နားရောက်မှ သူ့ စက်ဘီးကလဲခုနက လိုပဲ ရိုင်သလို၊ တိုက်မိသလိုဖြစ်သေးတယ်ဗျ။ အဲ့မှာတော့ စိတ်ထဲ မသင်္ကာတော့ဘူး။ ဘာလဲပေါ့။ နှစ်ခါတောင်ဆိုတော့ ဒါသက်သက်လုပ်တာပဲဖြစ်မယ်ပေါ့။ ထားလိုက်ပါတော့။ စကားနဲရန်စဲ မသိချင်ယောင်ဆောင်ပြီး တက်လာလိုက်တယ်။ နောက်က သူငယ်ချင်းကလဲ ကပ်လိုက်လာတာဆိုတော့ နောက်ကျောတော့လုံတယ်။ သိတယ်ဟုတ်အဲ့လိုချိန်ဆို ကန်ဘောင်လိုနေရာက လူဆိုးများတယ်ဗျ။ သတိတော့ထားရတယ်။ ကိုယ့်ဘက်ကလဲလူသုံးယောက်ဆိုတော့ သိပ်တော့လဲ လန့် စရာမရှိဘူးပေါ့။ ဒါနဲ့ မူလအစီအစဉ်အတိုင်းပဲ။ ခုံတန်းတွေပေါ်ခဏထိုင်ပြီး စကားပြောကြမယ်ပေါ့။ အမှန်ကတော့ ဘာရယ်မဟုတ် မူးနေသူတို့ ထုံးစံအတိုင်းစကားအမျှင်မပြတ်တာ။ အိမ်တန်းပြန်လဲဖြစ်တာပဲလေ။ မပြန်သေးပဲ စကားပြောကြရအောင်ဆိုပြီး ဒီထိရောက်လာတာ။

ဒီလိုနဲ့ ခုံတန်းပေါ်သုံးယောက်ထိုင်ပြီးစကားပြောနေတုန်း။ နောက်ကနေခုနလူရောက်လာတယ်။ စက်ဘီးနဲ့ပဲ။ အဲ့ပြင် သူ့ လူတွေထင်ပါတယ် ဘေးမှာ အဖေါ် ၃ယောက်လဲပါသေး။ ဘိုးတော်ကမရှိရင် အသက်၄၀ကျော်လောက်တော့ရှိမယ်ထင်တယ်။ ဘေးကအဖော်တွေကတော့အရွယ်စုံပဲ။ ကျတော်လဲသေချာသတိတော့မထားမိဘူး။ မီးလဲမရှိဘူးဆိုတော့ ၀ိုးတိုးဝါးတားပဲဗျ။ သူတို့ ကိုအကဲခပ်နေတုန်း။ ဘိုးတော့က နောက်ကနေ<b>"ဟေ"့</b> တခါခေါ်တယ်။ ကျတော်တို့ သုံးယောက်လုံးကြားတယ်။ မသိချင်ယောင်ဆောင်ပြီး ကိုယ့်စကားကိုယ်ဆက်ပြောနေကြတယ်။ အဲ့ချိန်မှာ သူ့ အဖော်သုံးယောက်က ကျတော်တို့ ဘေးတဖက် တချက်စီကို ၀ိုင်းလိုက်ကြပါပြီ။ သိလိုက်ပြီအခြေအနေမဟန်တော့ဘူး။ တာဝန်ရှိသူတွေလား။ လူမိုက်တွေလားတခုခုပဲ။ ဘာများဆက်ဖြစ်မလဲ။ အခြေအနေကို ကြည့်နေတုန်း။ ဘိုးတော်ကပဲ။ <b>"ဟေ့မင်းတို့ ဘာလာလုပ်တာလဲကွ ဒီအချိန်ကြီးတဲ့။"
</b>
အင်းဒါဆိုရင်တော့ တာဝန်ရှိတဲ့သူတွေပဲဖြစ်မယ်။ ကျတော်စကားပြန်မယ်လုပ်တုန်း။ကျတော်တို့ ဘေးက သူ့လူသုံးယောက်ထဲ ကတယောက်က <b>"ဘာလာလုပ်ရမှာလဲ ဒီအချိန်ကြီးကန်ဘောင်ပေါ်လာတယ်ဆိုတာ၊ ရှင်းနေတာပဲ"</b>။ သူတို့ ကသာရှုင်းနေတာပဲပြောတာ ကျတော်ကတော်တော်ရှုပ်သွားတယ်။ သူ့ တို့ ဟာသူတို့ မေး သူတို့ သူအချင်းချင်းဖြေနေကြတာ။ အဲ့ချိန်ထိကျတော်တို့ သူငယ်ချင်းသုံးယောက်လုံး ကြောင်အမ်းအမ်းပေါ့။ ဘာပြန်ပြောရမုန်းကိုမသိသေးဘူး။ ဒီလူတွေကြည့်ရတာ လူပုံတွေကလဲ လူမိုက်ပုံလဲမဟုတ်ပါဘူးပေါ့။ တာဝန်ရှိသူတွေဆိုရင်တော့ အတတ်နိုင်ဆုံးပြောရတော့မယ်ပေါ့ဗျာ။

အဲ့မှာ ကျတော့်သူငယ်ချင်းတယောက်က ကြားကနေ <b>"ဘာရယ်မဟုတ်ပါဘူး ပျင်းလို့ လာထိုင်တာပါ"</b>လို့ ဝင်ပြော လိုက်တယ်။ ဘိုးတော်ကသဘောကျဟန်မတူဘူး။ <b>"ဒီချိန်ကြီးပျင်းလို့ လာထိုင်စရာလား"</b>။ ဟုတ်လဲဟုတ်တာပဲ သူတို့ ပြောလဲပြောချင်စရာပေါ့။ အချိန်ကမနဲတော့ဘူးလေ။ ည၁၂နာရီကျော်ပြီကိုး။ အဲ့မှာပဲခုန ကျတော်တို့ ဘေးက ငနဲက <b>"ဒီချိန်ကြီးကန်ဘောင်ပေါ်လာမှတော့ ကောင်မလေးလာရှာတာနေမှာပေါ့တဲ့။"</b> ဟာမဟုတ်တော့ဘူး ဒီလူတွေ တခုခုတော့လွဲနေပြီ။ စကားတွေကပြောချင်ရာတွေဆွဲပြောနေကြပြီ။

ကျတော်တို့ ဒီတိုင်းငြိမ်နေလို့ တော့မရတော့ဘူး။ တခုခုပြန်ပြောရတော့မယ် ဆိုပြီးကျတော်ပြောမယ်ပြင်လိုက်တုန်း။ <b>" ဒီချိန်ဘောင်ပေါ်မှာ ကောင်မလေးတွေတော့မရှိတော့ဘူး တို့တွေပဲရှိတယ်၊ တို့ တွေက ကောင်မလေးမဟုတ်ပေမယ့် ကန်ဘောင် သခင်မဆိုပြီး နာမည်ကြီးတယ်နော်တဲ့"</b>
ဘိုးတော်ပြောလိုက်တဲ့စကားပါ။ ကျတော့်နားတောင်ကျတော်မယုံချင်တော့ဘူး။ လောကကြီးဇောက်ထိုးများဖြစ်သွားလား။ သုံးယောက်လုံး ခုနက ဘီယာ အမူးလဲ ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ ကျတော်က ဘေးနှစ်ယောက်ကို လက်ကုတ်နေပြီ။ လစ်ရအောင်ပေါ့။ ကျတော့်သူငယ်ချင်းနှစ်ယောက်လဲ ကြည့်ရတာ လမ်းရှာနေကြပြီထင်တယ်။ အဲ့မှာဘဲ ညာဘက်က သူငယ်ချင်းကိုသူတို့ ထဲကတယောက်က <b>" ဟေ့လက်လေးကိုင်ကြည့်လို့ ရမလား၊ နော်"</b> ဆိုပြီးကြားလိုက်ရတယ်။ အဲ့မှာပဲကျတော်လဲမနေနိုင်တော့ဘူး ခုံတန်းကိုနောက်ပြန်ကျော်ပြီး ပြေးတော့တာပဲဗျို့ ။

ဘယ်လိုပြေးဆင်းလာလဲတောင်မမှတ်မိပါဘူး။ ကျတော်သတိထားမိတဲ့အချိန်မှာ ကားတောင်စက်နှိုးပြီးနေပြီ။ ဟိုနှစ်ကောင်လဲ ဘယ်လိုပါလာလဲမသိဘူး။ ကိုယ်စီကားပေါ်ရောက်နေကြပြီ။ ဒီလိုနဲ့  ကျတော်လဲဟိုနှစ်ကောင်ကို ပို့ ပြီးအိမ်ကိုတန်းတန်းမတ်မတ်ကို ပြန်ပါတော့တယ်။ ကဲခြေရှည်ချင်အုံး မှတ်ပြီလားလို့ သာ ကိုယ့်ဟာကိုအကြိမ်ကြိမ်ပြောရင်း.......။ ။

သူငယ်ချင်းများနဲ့ အမှတ်တရများစွာထဲက အမှတ်တရလေးတခုပါ။

မြို့ စားလေး
၁၃.၈.၀၉
 

ခေတ်လွန်မင်္ဂလာဆောင်

September 27, 2009
ကမ္ဘာလောကကြီးတွင်ရှားသောအရာများပေါ၍ပေါသောအရာများရှားသွားသောအခါဝယ်......

မင်္ဂလာဆောင်တခုကျင်းပနေသည်။ မြက်ခင်းပြင်တွင်ဖြစ်သည်။ ကျွေးမွေးသော အစားအစာများမှာ မြင်းခွာရွက်သုပ်၊ ကန်စွန...
Continue reading...
 

မှားတော့မယ့်ရင်ခုန်သံ

September 27, 2009
ကျတော်သူ့ ကို သတိထားမိတာကြာပါပြီ။ အေးဆေးတယ်တည်ငြိမ်တယ်။ သိပ်မွေ့ တယ်။ အပေါင်းအသင်းလဲသိပ်မရှိဘူး။ သူ့ နဲ့ အတူ သူ့ သူငယ်ချင်းတယောက်တော့ ဘေးမှာအမြဲတွေ့ တတ်တယ်။ ရိုးရိုးယဉ်ယဉ်လေးန...
Continue reading...
 

ချစ်တာအပြစ်လားဗျာ

September 27, 2009
"ဟာ သားမှာချစ်သူရှိတယ်ဟုတ်လား။"
ဒါကဖေဖေပြောလိုက်တဲ့စကားပါ။ တော်တော်လဲပျော်နေပုံရပါတယ်။

"ငါ့သားကဒီလိုတော့လဲဟုတ်သားပဲကွ၊ ကဲငါမပြောဘူးလား ပတ္တမြားမှန်နွံမနစ်ပါဘူးလို့ "
ထပ်ဆင့် ဖေ...
Continue reading...
 
Make a Free Website with Yola.